သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်

ပုဇွန်တောင်  မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း  သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန် က မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အမှတ်()ရပ်ကွက်၊ မဟာဗန္ဓုလလမ်း (၅၇လမ်းထိပ်) တွင် မြို့နယ် EO ရုံးမှ EO ဦးဆောင်၍   မြို့နယ်စည်ပင်သာယာဝန်ထမ်းများမှ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေး၊ မြို့နယ်အတွင်း သန့်ရှင်းသာယာ သပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများအတွင်း ခြင်နှင့်ယင်များ ပေါက်ပွားမှုမရှိစေရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း ပိတ်ဆို့နေသည်များ ဖယ်ထုတ်ခြင်း၊ ထွက်ရှိလာသော ပိတ်ဆို့အမှိုက်များ ဆယ်ယူခြင်းနှင့် နှုန်းများမြောင်းချေးများကို ရေစီးရေလာမှ ယာဉ်ဖြင့် တစ်ပါတည်း သိမ်းဆည်းခြင်းလုပ်ငန်းများကို မြို့နယ် EO ရုံးမှ EO ဦးဆောင်၍ မြို့နယ်ရုံး WA ဝန်ထမ်းများ၊ ပတ်သန့်လုပ်သားများ၊ ရေစီးရေလာလုပ်သားများ စုစုပေါင်းအင်အား (၁၅)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်