မင်းတုန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်

မင်းတုန်း နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်င်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ခင်ဇော်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာ ဦးအောင်အောင်နှင့် ဝန်ထမ်းများက မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ  မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှု မရှိစေရေးအတွက်   လျှပ်စ်မီး စနစ်တကျ အသုံးပြုစေရေး၊ အသုံးပြု လျက်ရှိသော လျှပ်စစ် ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်တပ်ဆင်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားလာလျှင် အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေး မီးသတ်ယာဉ်ဖြင့် ဇာတ်တိုက်လေ့ပျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)