မိုးနဲ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ ၊မျိုးချစ်စိတ်ဓာတ်အရေးကြီးပုံ ၊အမိနိုင်ငံတော်ကြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ကိုယ့်ယဉ်ကျေးမှု အစဉ်အလာများကိုလေးစားမြတ်နိုး တန်ဖိုးထားရေးကို လူငယ်၊လူရွယ်များ သိစေရန်နှင့် အစဉ်အမြဲသတိတရ ရှိစေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် မိုးနဲမြို့နယ် မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးတိုးလှက အမျိုးသားနေ့ နောက်ခံသမိုင်း ၊အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်ထက်မြက် စေရန်နှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သိသင့်သိထိုက်သည်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲ ရိုက်ကူးမှုအစီအစဉ်အား အများပြည်သူနင့် လူငယ်/လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရေးအတွက် (We Love Mongnai Tar Facebook Page) တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)