မြင်းမူ နိုဝင်ဘာ ၂၆
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာပေချစ်သူများ စာဖတ်ဝိုင်းကို ယမန်နေ့က မြင်းမူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက် ဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးနေလင်းအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါစာဖတ်ဝိုင်းတွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကျဉ်း၊ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစိတ်ဓာတ် အပြည့်အဝ ပေါ်ပေါက်လာခဲ့ပြီး ဝံသာနု စိတ်ဓာတ်ကို အခြေခံကာ အမျိုးသား စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကိုရယူရန် အမျိုးသားရေး စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်ခဲ့သည့် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့မှ စတင်ကာ ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ် ဖြစ်ကြောင်း၊ လူမျိုးခြားလက်အောက်က ပြန်လည် လွတ်မြေက်ရေးအတွက် စတင်ခဲ့သည့် အမျိုးသားတော်လှန်ရေးကြီး ဖြစ်ပေါ်လာပုံများ၊ ယင်းအချိန်က စ၍ ပြည်သူတို့၏ စိတ်နှလုံးတွင် အမျိုးသားနိုင်ငံရေး စိတ်ဓာတ်များ ပေါက်ဖွားလာပုံများနှင့် ပတ်သက်၍ စာပေဝါသနာရှင် ဦးစိုးစံကဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် စာဖတ် ပရိသတ်များက ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)