တန့်ယန်းမြို့နယ်၌ ''ပန်းခင်း''စီမံချက်အနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်  များဖြန့်ဝေ

တန့်ယန်း  နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ဒေသခံတိုင်းရင်းသားပြည်သူများကို ''ပန်းခင်း''စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက် ပေးနေမှုနှင့်ပတ်သက်၍ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်စေရန်အတွက် အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို နိုဝင်ဘာလ ၂၆ ရက် နံနက် ၉ နာရီက ယာယီ ပျံကျစျေး၌ ဆောင်ရွက်ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး ဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ''လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့'' ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေလျက်ရှိသော ''ပန်းခင်း'' စီမံချက်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ ပါရှိသော အသိပညာပေး လက်ကမ်း စာစောင်(၅၀၀)ကို စျေးသူစျေးသားများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။                                                                        မင်းလွင်ဦး(ပြန်/ဆက်)