ရန်ကင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေ

ရန်ကင်း နိုဝင်ဘာ ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ (အခမဲ့) ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အား နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်း ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်လှလှထွေးနှင့် ဝန်ထမ်းများက အခြခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ ဌာနဆိုင်ရာများ၊ လမ်းသွားလမ်းလာ ပြည်သူများအား လူစည်ကားရာနေရာများ၊ စျေး၊အနှေးယာဉ်ဂိတ်၊ Taxi ဂိတ်၊ YBS  ကားမှတ်တိုင်များ၌ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဧပြီလ၁၁ရက်နေ့တွင်  အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့အဖြစ်စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း ဆောင်းပါး၊ ရေနံ့သာ မောင်ကျော်ညွန့်ရေးသားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များ၊ ဗဟုသုတအကြောင်း အရာများစွာ၊ အမျိုးသားရေး စိတ်ဓါတ်၊ ၂၀၂၁ ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားပညာရေး အစရှိသော ဗဟုသုတအကြောင်းအရာများစွာပါရှိကြောင်း သိရသည်။

လှလှထွေး