သတင်းများ

ဓနုဖြူမြို့နယ်တွင် Youth Club ၊ Women Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့၊ ယနေ့ နေ့လယ်(၂)နာရီအချိန်က Youth Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ဖားဆောင်းမြို့နယ် ​တောင်​ပေါ်​ကျေးရွာတွင် “ပန်းခင်းစီမံချက်’” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
Nov 26,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်​ထောက်လူဝင်မှု ကြီးကြပ်​ရေးမှူး ဦး​ဆော်လမွန် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို​နိုဝင်ဘာလ(၂၅)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က ​​တောင်​ပေါ်​ကျေးရွာရှိ ပြည်သူများအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအားဖြန့်ဝေ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူနှင့်ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက(အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် အသက်(၄၀)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ် အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက်အရွယ်ရှိ ရဟန်းရှင်လူပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၅၂၀ ဦး ရှိပြီး ဆေးထိုးနှံပြီးသူ ၄၅၁၄၇ ဦးရှိကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Nov 26,2021
တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး(Community Centre)ခန်းမတွင် ပြည်သူများစာဖတ်သည့် အလေ့အကျင့်မှ အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်သုံးသပ်နိုင်စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်(၁၁)နာရီအချိန်တွင် အင်းနက်ကျေးရွာ၌ အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အများပြည်သူ သိရှိလိုက်နာနိုင်စေရန် ဒေသန္တရအမိန့်ထုတ်ပြန်
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ရည်ရွယ်၍ ဆိုင်ကယ်စီးနင်း မောင်းနင်သူများ သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝက်လက်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များကို ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကျောင်းသား၊ ကျောင်းသူများ ကို ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေကြောင်း သိရသည်။