ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် အသက်(၄၀)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန် နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ် အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက်အရွယ်ရှိ ရဟန်းရှင်လူပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၅၂၀ ဦး ရှိပြီး ဆေးထိုးနှံပြီးသူ ၄၅၁၄၇ ဦးရှိကြောင်းသိရသည်။

အသက်(၅၅)နှစ် အထက်  ပထမအကြိမ်ထိုးနှံပြီးသူများအား  ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၉၂၅ ဦးရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ၂၇၃၃၅ ဦးရှိကြောင်း သိရသည်။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အသက်(၄၀)နှစ်အထက်ရှိ မိဘပြည်သူများအား နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (၁၆) ရပ်ကွက်ရှိ မြို့ဦးစေတီ၊  (၃၈) ရပ်ကွက်ရှိ မင်္ဂလာအေး ကျောင်းတိုက်နှင့်  (၄၇) ရပ်ကွက်ရှိ ဓမ္မာရုံ တို့တွင် စုရပ်သုံးနေရာ သတ်မှတ်ထိုးနှံပေးလျက် ရှိကြောင်း၊ မြို့နယ်အတွင်း အသက်(၄၀)နှင့်အထက် ၁၂၀၀၀ ကျော်ခန့်ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့အပြီး ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အား ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးမှူး- အဆင့်(၁) ဒေါ်စန်းစန်းဦးထံမှ  သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)