ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် နှိုးဆော်မှုများ ဆောင်ရွက်

ကျောက်ကြီး နိုဝင်ဘာလ ၂၆

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်(၁၁)နာရီအချိန်တွင် အင်းနက်ကျေးရွာ၌ အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်တွင် ပြင်ပမှလာသောဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာ မှခပ်ခွာခွာနေရန်။ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင် ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင် ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်စနစ် တကျဆေးကြောရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်းများ မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင် လေထွက်ရှိအောင် လုပ်ရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကိုအိမ်အ ပြင်တွင်စွန့်ပစ်ပါ။ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီအိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံးသွေးတိုးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။  

သို့ဖြစ်ပါ၍ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက်ရော ဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီးပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြပါရန်  တိုက်တွန်း နှိုးဆော်ခြင်း၊ Mask တပ်ဆင်အသုံးပြုရာတွင် လိုက်နာရမည့် အချက်များကို အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အပေါ် NUG/PDF တို့၏ အကြမ်းဖက်နှောက်ယှက်မှုများအား ပြည်သူသို့အသိပေး ချက်ကို ပိုးကရင်နှင့်စကောကရင် တိုင်းရင်းသားဘာသာစကားများဖြင့် အသံဖိုင်ဖွင့်လှစ်ပေးခြင်း စသည့်အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်