ဝက်လက်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များဖြန့်ဝေ

ဝက်လက် နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော  သတင်းစကား လက်ကမ်း စာစောင်များကို ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကျောင်းသား၊ ကျောင်းသူများ ကို ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေး စိတ်ဓာတ် အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် ၊ ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ စာရေးဆရာ ရေနံ့သာ မောင်ကျော်ညွန့် ရေးသားပြုစုသည့် ဘုန်းရှင့်မြန်မာ ဒို့မြန်မာစသည့် တို့စုံလင်စွာပါရှိသော သတင်းစကား လက်ကမ်းစာစောင် လိုက်လံဖြန့်ဝေကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)