ဓနုဖြူမြို့နယ်တွင် Youth Club ၊ Women Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဓနုဖြူ           နိုဝင်ဘာ      ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့၊ ယနေ့ နေ့လယ်(၂)နာရီအချိန်က Youth Club ၊ Women Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာများ(ကလောင်စုံ)ရေးသားသော လူငယ်အကျိုးပြုစာပေစုစည်းမှု စာအုပ်ဖြစ်သည့် `တာဝန်သိစိတ် တာဝန်ယူစိတ်´စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးမှ ခင်ရှင်စောရေးသားသည့် တာဝန်ယူတတ်ကြခြင်းဖြင့် ခေါင်းစဉ်အား ဆွေးနွေးပြီး Youth Club အသင်းဝင်တစ်ဦးမှ ဦးစန္ဒိမ(စလင်း)ရေးသားသည့် တာဝန်ယူခြင်းအလှတရား ခေါင်းစဉ်အား ဆွေးနွေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းသို့ Youth Club အသင်းဝင်များနှင့် Book Club အသင်းဝင်များ စုစုပေါင်း(၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)