မြောင်းမြမြို့တွင် (၁၀၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအားဖြန့်ဝေ

မြောင်းမြ    နိုဝင်ဘာ    ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူနှင့် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက(အခမဲ့)ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြောင်းမြမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက နိုဝင်ဘာ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်အား ကျောင်းများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသည့် မိန့်ခွန်း မှကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏(၁၁.၄.၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်များ၊အမျိုးသားရေး စိတ်ဓါတ်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုလုပ်ကြသော ကျောင်းသားကြီး(၁၁)ဦး၊ ကဗျာ၊ ဆောင်ပုဒ်များ ဖော်ပြထားကြောင်း သိရသည်။

 

(ခရိုင်-ပြန်/ဆက်)