ဒဂုံအရှေ့ နိုဝင်ဘာလ ၂၆
တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး(Community Centre)ခန်းမတွင် ပြည်သူများစာဖတ်သည့် အလေ့အကျင့်မှ အလေ့အထ ကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်သုံးသပ် နိုင်စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ် အေးမဉ္ဇူက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စာရေးဆရာဖြိုးသာရ ရေးသားသည့် မြန်မာနိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ စာအုပ်အား မြို့နယ်စာရေးဆရာအသင်းမှ ဆရာဦးဝင်းသိန်းက ဆွေးနွေးရာတွင် ကိုလိုနီနယ်ချဲ့ပညာရေးအကြောင်း၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံ၊ အမျိုးသားရေးလှုပ်ရှား မှုများအကြောင်းအရာများကို အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက် လာသောစာပေချစ်မြတ်နိုးသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)