သတင်းများ

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ တွံတေး၌ ကျင်းပ
Nov 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်း အမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်း အမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်းရှိ ကျောင်းစာကြည့်တိုက်၌ ကျင်းပ ခဲ့သည်။
မင်းတုန်းမြို့နယ် ဝန်တွင်းကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာ၌ ယမန်နေ့နံနက် ၉ နာရီက တောင်သူ ဦးဆန်းဝင်း၏ လယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဦးက မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ် ပို့ချ
Nov 26,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင် တန်း ကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့(ခွဲ)ရုံးတွင် ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေး လုံခြုံရေး အတွက် ကြိုတင်ကာကွယ်ရန် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မစည်ပင် သာယာဈေးရှိ ဈေးခေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရေနံချောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုး
Nov 26,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီ စိုက်ဧက ၃၀၇၉ ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရမ်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ
Nov 26,2021
၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြသထားကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Nov 26,2021
မွန်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ် ခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီး ကော်မတီဝင်များ၊ INGO ၊ NGO နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကျောက်တန်းမြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေ
Nov 26,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ Online Page များမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းနှင့် အထိမ်းအမှတ်နေ့များတွင် လက်ကမ်း စာစောင်များ ထုတ်ဝေပြီး ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက် ၁၀ နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။