ဖာဆောင်း နိုဝင်ဘာလ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးဆော်လမွန် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကိုနိုဝင်ဘာလ(၂၅)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က တောင်ပေါ်ကျေးရွာရှိ ပြည်သူများအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်လူဝန်မှု ကြီးကြပ်ရေးမှူး ဦးဆော်လမွန် ကအသက်(၁၆)နှစ်နှင့် အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ် လုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက်နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင် ၃ (က)၁၁၀ ဦး၊ လဲလှယ်(၄)ဦး၊ မိတ္တူ(၃)ဦး၊ အိမ်ထောင်စုမိတ္တူ(၁၄)စု၊ မြို့နယ်တွင်း အိမ်ထောင်စုပြောင်း(၅)စု၊ မွေးတိုး(၄)စု၊ သေဆုံး(၁)စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး “ပန်းခင်းစီမံချက်” အသိပညာပေး လက်ကမ်းစာစောင်များကို လည်းဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ဆက်လက်၍ စီမံချက်နှင့်အညီကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)