သတင်းများ

ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကာလအတွင်း Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၂၇၀) ကြိမ်ရှိလာ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ် ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံကသိ ရသည်။
မင်းပြားမြို့နယ်၌ စားသုံးသူကာကွယ်ရေး Online Talk Show ဆွေးနွေးပွဲကျင်းပ
Nov 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး Talk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးအပ်ပွဲကျင်းပ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်သည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Nov 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအား မြောက်ထီဗွာ ကျေးရွာအုပ်စု မြောက်ထီဗွာကျေးရွာ ကွင်းအမှတ် ၃၃၁၊ ဦးပိုင်အမှတ် ၃၇  ရှိ တောင်သူ ဦးအောင်သောင်း၏ လယ်တွင် ယမန်နေ့  နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် လူငယ်နှင့်အားကစား အသိပညာပေး Talk Show ကျင်းပ
Nov 26,2021
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်အားကစား အသိပညာပေး Talk Show အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းခရိုင် လူထုအခြေပုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ရတနာဘုမ္မိကျေးရွာတွင် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစု ဖြည့်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေ စာရင်းပြုစုခြင်းအား အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစု ဖြည့်သွင်းနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။