မတ္တရာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မတ္တရာ နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ရတနာဘုမ္မိကျေးရွာတွင် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံမှ  ဝန်ထမ်းများက ကျေးရွာမှ အသက် ၁၆ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ (၁၅) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီး အိမ်ထောင်စု လူဦးရေး စာရင်းများကို ဆောင်ရွက်ပေးခဲ့သည်။

မတ္တရာမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် မေလ ၃ရက်နေ့မှ ယနေ့အထိ   နိုင်ငံသား စိစစ်ရေး ကတ်ပြားများ (၁၂၉၄) ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၃၇၀) ခုအား ကွင်းဆင်းဆောင် ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)