မင်းပြား နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး Talk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး မင်းပြားမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်း ကစားသုံးသူပြည်သူများ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် ကုန်ပစ္စည်းများကို ဈေးကွက် အတွင်းသို့ မရောက်မှီနှင့့်် ဈေးကွက်အတွင်းသို့ ရောက်ပြီးပစ္စည်းများကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့များဖြင့် ပုန်မှန်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲများကိုလည်း စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများအထိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။
ဆက်လက်၍ စားသုံးသူ ပြည်သူများ နစ်နာရှုံးမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက စာသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားနိုင်ပါကြောင်း အကြံပြုဆွေးနွေးသွားကြောင်း သိရသည်။
သိန်းနုအောင်