ပင်လောင်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအား မြောက်ထီဗွာ ကျေးရွာအုပ်စု မြောက်ထီဗွာကျေးရွာ ကွင်းအမှတ် ၃၃၁၊ ဦးပိုင်အမှတ် ၃၇ ရှိ တောင်သူ ဦးအောင်သောင်း၏ လယ်တွင် ယမန်နေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ရိတ်သိမ်းပွဲသို့ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် လက်ထောက် ဦးစီးမှူး ဦးအောင်ကိုကိုနှင့် အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်ဆွေဆွေမာ၊ ဒု လက်ထောက် ဦးစီးမှူး ဦးစိုင်းခမ်းဇော်ဇော်နှင့် ဦးစိုင်းတိုးထက်ပိုင်တို့ အဖွဲ့မှ ပါ၀င် ဆောင်ရွက်ကြပြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
အဆိုပါ စံကွက်မှာ ကုန်းမြင့် ၂ စပါး မျိုးစံကွက်ဖြစ်ပြီးစံပြ စပါးစိုက်ခင်းအား တောင်သူများ၏ စုပေါင်းရိတ်သိမ်းခြင်းဖြင့် ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် စပါး ပျမ်းမျှ ၈၂ တင်း ထွက်ရှိကြောင်းသိရသည်။
ထွန်းလင်း(ပင်လောင်း)