ညောင်ဦး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ် ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာ ထံကသိ ရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ (၂၇၀) ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာ ပြီးနောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင် ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာက ဆက်လက်ရှင်းပြသည်။ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခု ထိဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေး လှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်းသိရသည်။
ပလင်းကမ်းသာယာ ဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဖုန်း (၇၉၃၈၂၀၅၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာ ဘူဖေးကျွးမှု (၂၇၀)ကြိမ်ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွား လုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့် ဆင်စခန်းများ ကိုဗစ်-၁၉ ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိ ဆင်များအတွက် အစာရေစာမခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာ ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာ ကရှင်းပြ၍သိရကာ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ရက်နေ့မှစတင်၍ ပလင်းကမ်းသာယာ ဆင်စခန်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD