မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Onlineမှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Pageတွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်းက စာပေဝါသနာရှင်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန်၊အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ ဘာသာပြန်ထားသည့် "အရာအားလုံးကိုပြောင်းလဲစေသော အားပေးမှု" စာအုပ်ဖြင့် စာအုပ်မိတ်ဆက် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။