စဉ့်ကူး နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်သည်။
စဉ်ကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရွှေဝင်းနှင့် ဝန်ထမ်းများက ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကျည်တောက်ပေါက်ကျေးရွာမှပြည်သူ (၅၀)ဦး၊ နတ်တောင်ကျေးရွာအုပ်စု ၊ နတ်တောင်ကျေးရွာ၊ ဝါးဘိုးချပ်ကျေးရွာနှင့် တလိုင်းငုတ်ကျေးရွာများမှ ပြည်သူ (၅၀) ဦး၊ စုစုပေါင်း (၁၀၀) ဦးတို့ အား နေ့ချင်းပြီးဆောင် ရွက်ပေးနိုင်ခဲ့သည်။
အဆိုပါ အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးရွှေဝင်းတို့က ပြည်သူများ လက်ဝယ် အရောက် ကတ်ပြားများ ပေးအပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေပေးခဲ့ ကြသည်။
စဉ့်ကူးမြို့နယ်၌ ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ်လ (၁၁) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၂၄ ရက်နေ့အထိ အသက် (၁၀) နှစ်ပြည့် (၁၁၁) ဦး၊ အသက် (၁၈) နှစ်ပြည့် (၅၀၃) ဦး၊ မဲစာရင်းကွက်လပ်ဖြည့် (၂၄၄၉) ဦး၊ စုစုပေါင်း (၃၀၆၃) ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒီဇင်ဘာလအတွင်း၌ မြို့နယ်အတွင်းရှိ ခတတ်ချဉ် ကျေးရွာအုပ်စု၊ ရွှေပြည်ကျေးရွာအုပ်စု၊ ရှောက်ပင်ရိုးကျေးရွာအုပ်စုများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)