ဆင်ပေါင်ဝဲမြို့၊ လယ်ကျိုးကျေးရွာ၌ VDP စီမံကိန်းဖြင့်ဆောင်ရွက်မည့် ကွန်ကရစ်လမ်းခင်းမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ လယ်ကျိုးကျေးရွာတွင် VDP စီမံကိန်းဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်းခင်း မည့်နေရာအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး နှင့် တာဝန် ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ" လမ်းစခင်းမည်ဆိုလျှင် အတက်အဆင်းနေရာ များအား အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘိလပ်မြေအိတ်များဝယ် ယူရာတွင်‌ဈေးနှုန်း သက်သာစေရန် စက်ရုံမှတိုက်ရိုက်မှာ ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းအခက်အခဲရှိပါက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း" စသည်ဖြင့်မှာကြားခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းမှာ အရှည် ၁၈၀၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မ ရှိမည်ဖြစ်ပြီး စုစုပေါင်းသိန်း ၂၅၀ ကျပ် ကုန်ကျမည်ဖြစ်ရာ VDP စီမံကိန်းမှ သိန်းတစ်ရာထောက်ပံ့ကူညီပေးမည်ဖြစ်ပြီး ကျေးရွာပြည်သူများမှ လုပ်အားနှင့် ကျန်ကုန်ကျငွေအား ထည့်ဝင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)