ဇေယျာသီရိ နိုဝင်ဘာ ၂၅
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက် တပ်ဆင်ပါ၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင် ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက် အသက်အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့်နာတာရှည် ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပါ စသည့်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက် များကို လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)