ကလိန်အောင် နိုဝင်ဘာ ၂၅
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရောက်ရှိမည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် ရုပ်သံကျွမ်းကျင် (၃) ဒေါ်ခင်ခင်လဲ့တို့က အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေး၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်ကိုအကျိုးပြုမည့် ကျောင်းသား/ ကျောင်းသူများဖြစ် လာစေရေးအတွက် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးကြကြောင်း သိရသည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်များကို စဉ်ဆက်မပြတ် We Love Kalainaung Online Page တွင်လည်း ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိုးခိုင်