ရန်ကုန် နိုဝင်ဘာ ၂၅
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ လူငယ်များ အနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာ K ပေါ ရေးသားသည့် "နှလုံးရည် ရာအထောင်နဲ့" အတွေးအမြင်ဆောင်းပါးများ စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၃)နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေ က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဦးအေးဟန် က ခေတ်စမ်းဆရာမည်ထိုက်စွာ (သို့မဟုတ်) ဆရာကြီး ဦးဖေမောင်တင်၊ သခင်မျိုးဟေ့ ဒို့ဆရာ (သို့မဟုတ်) သခင်ဘသောင်း ခေါင်းစဉ်များကိုလည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်မြမြအေး က ကုလသမဂ္ဂက မြန်မာကျောင်းဆရာ(သို့မဟုတ်) ဦးသန့် စသည့် ခေါင်းစဉ်များကို လည်းကောင်း ဆွေးနွေး ပြောကြားရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရမ်းပြန်/ဆက်