ချောက်မြို့မ​စျေး ၌ မီး​ဘေးလုံခြုံ​ရေးကြိုတင်ကာကွယ်​ရေးလက်​တွေ့မီးငြိမ်းသတ်သရုပ်ပြ

ချောက်    နိုဝင်ဘာ    ၂၅

မ​ကွေးတိုင်းဒေသကြီး၊မ​ကွေးခရိုင်​၊ ချောက်မြို့နယ် မြို့မဈေး၌မီးဘေးလုံခြုံ​ရေး ကြိုတင်ကာကွယ် ရေးအတွက် ယနေ့ နံနက်၁၀နာရီကမီးငြိမ်းသတ်ရေးလက်တွေ့ သရုပ်ပြမှုကိုအဆိုပါဈေး​​​ရှေ့တွင်ကျင်းပ သည်။

လက်တွေ့သရုပ်ပြမှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားပါက DCP ( Dry Chemical Powder) မီးသတ်​ဆေးဗူး အသုံးပြုပုံနည်းလမ်းများ ရှင်းလင်း​ပြောပြခြင်း၊ မြို့နယ်မီးသတ် တပ်ဖွဲ့ တပ်ကြပ်ကြီး​ဇော်ဟိန်းကမီးသတ်​ဆေးဗူး၏ လုံခြုံ​ရေးကြိုးဖြုတ်ခြင်း၊ မီး​လောင်သည့်​နေရာချိန်ခြင်း၊ ဆေးဖြန်းခလုတ်အား ညှစ်၍မီး​လောင်သည့်​အောက်​​ချေအားတည့်မတ်စွာဖြန်းခြင်းများ ကိုလက်တွေ့ မီးငြှိမ်းသတ်မှုသရုပ်ပြပြီး မြို့မ ဈေးဆိုင်ရှင်များနှင့်စျေးဝယ်ပြည်သူတို့က မီးသတ်​ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း ကိုလက်တွေ့ဆောင် ရွက်ခဲ့ကြသည်။

မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမီးသတ်​ဆေးဗူးဖြင့်မီးငြိမ်းသတ်လက်​တွေ့သရုပ်ပြခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်​ရေး အဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်​ရေးမှူးဦးစိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးစိုး၊ မြို့နယ်စည် ပင်အမှု​​ဆောင်အရာရှိဦး​နေမန်း၊ မြို့နယ်မီးသတ် ဦးစီးအရာရှိဦးသိန်း​ဇော်ဝင်း၊မြို့မ စျေးတာဝန်ခံ နှင့် ​စျေး​ကော်မ တီဝင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)