(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ခမောက်ကြီး    နို၀င်ဘာ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက်ပိုင်းက ခမောက်အခြေခံပညာ အထက်တန်း ကျောင်း၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ လက်ဘက်ရည်ဆိုင်၊ ဈေးဆိုင်များတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

အဆိုပါ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် တွင် ၂၀၂၁ ခုနှစ် ၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး၊ အမျိုးသားရေး စိတ်ဓာတ်၊ ပညာရေးကဏ္ဍသည် အရေးကြီး၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ်၊ ကိန်းဝပ်ရှင်သန် ဇာတိမာန်၊ နိုင်ငံသာယာ၀ပြောဖို့ တိုင်းရင်းသားအား လုံးစည်းလုံးညီညွတ်စို့၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာများ ဖော်ပြပါရှိကြောင်း သိရပါသည်။

ရူပါမြင့်(ခမောက်ကြီး)