မြင်းမူ နိုဝင်ဘာ ၂၅
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖြန့်ဝေသော သတင်းစကား လမ်းကမ်းစာစောင်များကို မြင်းမူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြို့နယ်ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လိုက်လံဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကျဉ်း၊ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစိတ်ဓာတ် အပြည့်အဝ ပေါ်ပေါက်လာခဲ့ပြီး ဝံသာနု စိတ်ဓာတ်ကို အခြေခံကာ အမျိုးသားစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ရယူရန် အမျိုးသားရေး စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်ခဲ့ပြီး နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ယခုအခါ (၁၀၁)နှစ်ပြည့် မြောက်ခဲ့ပြီး ယခု ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်တို့အား ထည့်သွင်းဖော်ပြထားရှိမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရန်ကုန်တိုင်းစီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားချက် အကျဉ်း စသည့် အကြောင်းအရာများ ဝေဝေဆာဆာ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)