မင်းပြားမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက်ကွင်းဆင်းဆောင်ရွက်
Nov 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ပေါ်ရပ်ကွက်အသီးသီးရှိနေအိမ်များနှင့် စီးပွားရေးလုပ် ငန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေး အတွက် မီးသုံးစွဲမှု စနစ်တကျစီစဉ် ဆောင်ရွက် ထားရှိမှုများကို နိုဝင်ဘာ ၅ ရက်နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။