နမ့်ခမ်း နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာ ပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာများ ကပ်နှံပြသခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်း(၁၀)နာရီအချိန်က မြို့တွင်းနေရာအနှံ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားနေသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရန် အသိပညာပေးခြင်း၊ ရောဂါဖြစ်ပွားမှု ကွင်းဆက် ရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်း လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာ ပေးခြင်းသည် ကောင်းမွန် ထိရောက်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မြို့ပေါ်ရှိ လမ်းဆုံနေရာများ၊ မြို့ပေါ်ရပ်ကွက်အတွင်းများနှင့် စျေးများတွင် ကိုဗစ်-၁၉ ရောဂါ လိုက်နာရန် ကျန်းမာရေး အသိပညာ ပေး ဆော်သြခြင်းနှင့် ကျန်းမာရေးလမ်းညွှန် အသိပညာပေး ဗွီနှိုင်းပိုစတာများ ကပ်နှံပေးထားခြင်း ဆောင်ရွက်လျှက်ရှိပြီး ယနေ့မှစ၍ နေ့စဉ်နံနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် (၁)ရက်လျှင် (၂)ကြိမ် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာ ပေးဗီနိုင်းပိုစတာများ ကပ်နှံပြသခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီရေး ပရဟိတ အသင်းတို့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)