တကောင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 05,2021
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျော့ချရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့ အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက်ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့နှင့် (၄)ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။