မင်းပြားမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက်ကွင်းဆင်းဆောင်ရွက်

မင်းပြား နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ပေါ်ရပ်ကွက်အသီးသီးရှိနေအိမ်များနှင့် စီးပွားရေးလုပ် ငန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေး အတွက် မီးသုံးစွဲမှု စနစ်တကျစီစဉ် ဆောင်ရွက် ထားရှိမှုများကို နိုဝင်ဘာ ၅ ရက်နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်  ဦးစီးမှူး ဦးလူမော်နှင့် ဝန်ထမ်းများကမြို့ပေါ်ရပ်ကွက်အသီးသီးရှိ  လူနေအိမ်များ၊ရေခဲစက်များ၊ မုန့်လုပ်ငန်း များတွင်မီးသုံးစွဲမှု အားစနစ်တကျရှိမှု၊မီးဘေး အန္တရာယ်ကင်းဝေးစေရန် လောင်စာသို လှောင်မှုများ အားစစ်ဆေးခြင်း၊ ရေအိတ်၊သဲအိတ်၊မီးသတ်လှေကား၊မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ် ဆေးဗူးများအား ကြိုတင်ကာကွယ်ထားရှိခြင်း၊မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူ ခြင်းစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တား ဆီးရေး အတွက်အကြံပြုမှာကြား ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်