ထားဝယ် နိုဝင်ဘာ ၅
ရန်ကုန်ပညာရေးတက္ကသိုလ်သို့တက်ရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီးမှ အထက်တန်းပြ သင်တန်းသား/သူများ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံမှ သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကိုတည်ဆောက်သောနေရာတွင်အဓိကလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်လာအောင် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီအောင် နယ်မြေဒေသ အသီးသီးမှ ဆရာ/ဆရာမများကလည်း မိမိတို့ကျရာကဏ္ဍကနေ ကာယ၊ ဉာဏ၊ စွမ်းအားရှိသရွေ့ အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊ ယခုတက်ရောက်မည့် သင်တန်းသည် နိုင်ငံတော်၏ အခြေခံပညာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အတွက်အလွန်တရာအကျိုးများစေမှာ ဖြစ်သည့်အတွက် သင်တန်းကပေးလာမည့် ပညာဗဟုသုတအတွေ့အကြုံများကို အပြည့်အဝရရှိအောင် ကြိုးစားလေ့လာကြရန်အလေးအနက် မှာကြားလိုကြောင်း၊ သင်တန်းတွင် မိမိကျန်းမာရေးနှင့် ကြိုးစားမ ကိုယှဉ်တွဲနားလည်ပြီး တိုင်းဒေသကြီး၏ ဂုဏ်ဆောင်စံပြ သင်တန်းသား/သူများဖြစ်အောင် ကြိုးစားသွား ကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ရန်ကုန်ပညာရေး တက္ကသိုလ်သို့ တက်ရောက်ကြမည့် သင်တန်းသား/သူ(၈)ဦးအား တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄)သိန်းကိုပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)