အမ်း နိုဝင်ဘာ ၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန် လည် နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ တတိယအကြိမ်နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၇၅)စု၊ လူဦးရေ (၆၉၁)ဦး အတွက် ထောက်ပံ့ငွေကျပ်(၁၀၅၀)သိန်းနှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းပေးအပ် ခြင်းကို နိုဝင်ဘာလ(၅)ရက် နံနက်(၉)နာရီအချိန်ကပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာ နချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၇၅)စုအတွက်၊ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၈၇၅)သိန်းအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူ ကိုယ်စားလှယ်(၂)ဦးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခြင်း၊ ရခိုင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၇၅)စု အတွက်၊ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၁၇၅)သိန်းအား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသူရိန်ထွန်းက နေရပ် ပြန်မည့် တိုက်ပွဲရှောင်ပြည်သူ ကိုယ်စားလှယ်(၂)ဦးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခြင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများသို့ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး ပါရှိသည့် ထောက်ပံ့ပစ္စည်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူ ကိုယ်စားလှယ်(၂)ဦးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသူရိန်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြကြောင်းသိရှိရသည်။
စိုးမင်းထွန်း