မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

မိုင်းယန်း     နိုဝင်ဘာ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်  အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ယနေ့ နံနက် ၉ နာရီက ပါမိုင်ရပ်ကွက် မူလတန်းလွန်ကျောင်း၌  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။ 

ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင် များ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးစာရေးနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ကြီးကြပ်(၁) ဦးကျော်သက်ပိုင် တို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများတို့က မိုင်းယန်းမြို့နယ်အတွင်း  ရပ်ကွက်/ ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်  အသက်(၁၈)နှစ် အထက်  ဒေသခံတိုင်းရင်းသား  ပြည်သူများအား  ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထွန်းထွန်းထူး