သတင်းများ

ကွမ်းခြံကုန်းမြို့နယ် ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Nov 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး ဦးစီးမှူး ဦးအောင်ကျော်သူရနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က မှော်ဘီကျေးရွာ တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Nov 05,2021
နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်‌နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ ကြီးမှူးဖွင့်လှစ်မည့် အခြေခံအေရိုးဗစ်/ Fitness Dance သင်တန်း ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 05,2021
မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှ အခြေခံအေရိုးဗစ်/ Fitness Dance သင်တန်း ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တို မြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး
Nov 05,2021
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း၌ ယနေ့နံနက်ပိုင်းက ဆန်၊ ဆီသယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကျဆင်းစေရေး အသိပညာပေး အရှိန်အဟုန်မြှင့် နှိုးဆော်
Nov 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းမှုရှိသော်လည်း ဆက်လက်ကျဆင်းစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့တွင်းလမ်းမကြီး၊ လမ်းသွယ်များနှင့် လူအဝင်အထွက်များသည့် နေရာတို့၌ Hand Speaker တို့ဖြင့် နှိုးဆော်ပေးခဲ့သည်။
နောင်ချိုမြို့နယ် ကံကြီးကျေးရွာ၌  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကွင်းဆင်းဆောင်ရွက်
Nov 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကံကြီး ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ် ဦးစီးဌာနရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူး လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ "ပြည်သူ့ဝန်ထမ်းသားသမီးများသို့" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Nov 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့​ကြောင်း သိရသည်။
ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းစေရေးအတွက်  နှာခေါင်းစည်း (Mask ) တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Nov 05,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းစေရန်အတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။