တာချီလိတ် နိုဝင်ဘာ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၉၉)ဦးကို တဝန်ရှိသူ တို့က ယနေ့ မွန်းတည့် ၁၂ နာရီက မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်များသည် နိုဝင်ဘာ ၁ ရက်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁)မှ ပြန်လည်ဝင်ရောက် လာကြသူများ ဖြစ်ပြီး မိုးကုတ် Quarantine Centre ၌ထားရှိကာ ဒုတိယအကြိမ် အာခေါင်တို့ဖတ်ယူ၍ တောင်ကြီးသို့ပို့ဆောင်ပြီး RDT စက်ဖြင့် ထပ်မံစစ်ဆေး အတည်ပြုချက်ရယူခဲ့ရာ ပိုးကင်းစင်သူများဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်ပို့မည့် ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဗျူဟာ(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ခရိုင် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက လမ်းခရီးအဆင်ပြေ ချောမွေ့စေရေး စီမံဆောင်ရွက်ပေးပြီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)