သတင်းများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 07,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
သရက်မြို့၌ (၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Nov 07,2021
မကွေးတိုင်းဒေသကြီး သရက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နေ့ နံနက် ၁၀ နာရီက (၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
မယ်စဲ့မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေများ ထုတ်ချေးပေး
Nov 07,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က ဟိုဖကျေးရွာသို့ စီမံကိန်းရန်ပုံငွေများကို သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း
Nov 07,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ် ၆ လ ဘတ်ဂျက်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘိတ်ရိုးကျေးရွာအုပ်စု ဘိတ်ရိုးကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ဦးစီးမှူးနှင့်အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Nov 07,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ယနေ့နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆော်ရယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ Local Semi-Lockdown သတ်မှတ်ကာလအတွင်း ပြည်သူများ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေးရေးအဖွဲ့များဖြင့် နေ့စဉ်စစ်ဆေးလျက်ရှိ
Nov 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသောကြောင့် Local Semi-Lockdown ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပ
Nov 07,2021
(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲခန့်က ကရင်ပြည်နယ်‌အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကျင်းပရာ  သဘာပတိအဖြစ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ရပ်မိရပ်ဖဦးစောဖိုးနီနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစောအေးမြတို့က ဆောင်ရွက်ကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
မင်းလှမြို့နယ်တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန(၃၃)နှစ်မြောက်အထိမ်းအမှတ်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
Nov 07,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ် မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယနေ့ နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။