အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျိုက်လတ်   နိုဝင်ဘာ   

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး၊ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်ဆောင် ချီမြှင့်ခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း၊ အငြိမ်းစားဝန်ထမ်းများ လက်ဆောင်ပစ္စည်း များပေးအပ်ခြင်း၊ အလှူရှင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)