မယ်စဲ့မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေများ ထုတ်ချေးပေး

မယ်စဲ့  နိုဝင်ဘာ  ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က ဟိုဖကျေးရွာသို့ စီမံကိန်းရန်ပုံငွေများကို သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆော်ရယ်က ကျေးရွာ ပြည်သူများအနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်းမှရရှိသော အကျိုးရလဒ်များဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆော်ရယ်က ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP)အရ ဟိုဖကေျးရွာမှ စီမံကိန်းချေးငွေချေးယူသူ ၁၆ ဦးအတွက် ချေးငွေကျပ် ၉၈ သိန်းကို စီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)