သရက်မြို့၌ (၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

သရက် နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး သရက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နေ့ နံနက် ၁၀ နာရီက (၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး ဝန်ထမ်းများအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇော်ထက် (သရက်)