မင်းလှမြို့နယ်တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန(၃၃)နှစ်မြောက်အထိမ်းအမှတ်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

မင်းလှ(ပဲခူး)   နိုဝင်ဘာ      ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ် မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယနေ့ နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပင်စင်စား သက်ကြီးဝန်ထမ်းဟောင်းများကို ဂါဝရပြုလက်‌ဆောင်များနှင့် ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးကာ ရရှိသော ပစ္စည်းထုတ်များကို ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနား တက်ရောက်သောဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှုးနှင့် စာရေးဝန်ထမ်းတို့အား လက်ဘက်ရည်နှင့် မုန့်များတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ