ပဲတောင့်ရှည် စိုက်ပျိုးရောင်းချသူများ မိသားစုပုံမှန်ဝင်ငွေရရှိနေ

မြင်းမူ နိုဝင်ဘာ ၈

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့  တပင်ရွှေထီးရပ်ကွက်တွင်  မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် (၃၁၃) ပဲတောင့်ရှည် စိုက်ပျိုး ရောင်းချသူ မိသားစုများ ပုံမှန်ဝင်ငွေရလျက်ရှိကြောင်း သိရသည်။

ရာသီနှင့်ကိုက်ညီသည့် အသီးအနှံပင်များကို ပုံမှန်ရွေးချယ် စိုက်ပျိုးလျက်ရှိကြောင်း၊ အဓိက စားဖိုချောင် သီးနှံများကို စိုက်ပျိုးရောင်းချကြောင်း၊ ခုလက်ရှိ ပဲတောင့်ရှည်(၁)ဧက အပင်အားဖြင့် (၇၀၀၀)စိုက်ပျိုးထားရှိကြောင်း၊ ရင်းနှီးကုန်ကျ စရိတ်(၈)သိန်းရှိကာ  စိုက်ပျိုးပြီး (၄၅)ရက်တွင်(၁)ရက်ခြား ပိသာ(၂၅၀)ကျော်ခူးယူ ရောင်းချရကြောင်း၊  အပင်သက်တမ်း အနေဖြင့် တစ်လခွဲခန့် ခူးယူရမည်ဖြစ်၍  ပိသာချိန်(၃၀၀၀)ကျော် ရရှိမည်ဖြစ်ကြောင်း၊ စိုက်ခင်းပိုင်ရှင် ဦးသန်းစိုးထံမှ သိရသည်။

ယခုလက်ရှိ ပဲသီးတောင့်ဈေးမှာ (၁)ပိသာလျှင်(၁၂၀၀)ကျပ်ရှိ၍ ဝင်ငွေအနေဖြင့် ရင်းနှီးငွေ နှုတ်ပြီးပါက အမြတ်ငွေကျပ်သိန်း (၃၀)ခန့်ရရှိမည် ဖြစ်ကြောင်း၊ ပဲသီးတောင့်များကို အဓိကအားဖြင့် မန္တလေးကုန်သည်များက စိုက်ကွင်းအရောက် လာရောက်ဝယ်ယူ လျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)