မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောင်းမြို့ နိုဝင်ဘာ ၈

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ​ ယမန်နေ့နံနက်(၉)နာရီက. မြကန်သာရပ်ကွက် ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများက ​ကြန်သာရပ်ကွက်ရှိ  ပြည်သူများမှ အသက်(၁၆)နှစ်အောက်(၁၅)ဦး၊ အသက် (၁၆-၁၈)နှစ်(၁၁)ဦး၊ အသက်(၁၈) နှစ်အထက် (၅၁) တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ခဲ့ပြီးလဲလှယ်(၁၂)၊ မိတ္တူ(၂၉) စုစုပေါင်း (၁၁၈) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စန္ဒာကြည်