မိုးညှင်းမြို့နယ် ဟိုပင်လူငယ်သင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး  သင်တန်းဖွင့်လှစ်

မိုးညှင်း နိုဝင်ဘာ 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်လူငယ်သင်တန်းကျောင်း၌ “သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး”သင်တန်းကို ယနေ့နံနက်(၈)နာရီက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ အနေဖြင့် သဘာဝဘေးဒဏ်ကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို တာဝန်ပေးအပ်လျှင် အချိန်နှင့်တပြေးညီ သွားရောက်ကူညီ ကယ်ဆယ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဟိုပင်မြို့ဒုတိယမီးသတ်ဦးစီးမှူး ဦးသိန်းကျော်က သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်ဖြင့် ရေဖြန်းနည်းများစသည်တို့ကို လက်တွေ့သရုပ်ပြသ သင်ကြားပေးခဲ့သည်။

ထို့အတူ ဟိုပင်မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးဦးအောင်မျိုးလွင်က ရှေးဦးသူနာပြုစု နည်းလမ်းများနှင့် အရေးပေါ်အသက်ကယ်ဆယ်ရေးနည်းလမ်းများကို စာတွေ့ဖြင့်လည်းကောင်း၊ လက်တွေ့ဖြင့်လည်းကောင်း သင်ကြားပေးခဲ့သည်။

ထိုသင်တန်းတွင် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူ ဦးဆောင်သည့် ဝန်ထမ်းများနှင့် သင်တန်းသားသင်တန်းသူများ စုစုပေါင်း(၆၈)ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို ရက်သတ္တပတ်အကြာဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်