ဇလွန် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများ ပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင့်လွင်၊ ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက နှစ်လက်မအရွယ်ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၃၉၀၀၀၀) ကိုငါးထုတ်လုပ်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း ဇလွန်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဝေယံ