တောင်သာ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် မှတ်ဉာဏ်ရင့်သန်ထက်မြက် စေရန် စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှု ရရှိ စေရန်စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။စာထောက် (၃)ဒေါ်သိမ့်သိမ့်အေးကအကြီးမားဆုံမုသား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံကျွမ်း ကျင်(၃)ဒေါ်ဌေးဌေးဝင်းက ချည်းကပ်မှုအသစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတ်ပုံ ကျွမ်းကျင်(၂)ဦးကျော်မျိုးနိုင်က မှတ်မိပါသေးရဲ့ စထရာဘော့ဂ်ရယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငယ်တန်းစာရေးဒေါ်တင်မိုးခိုင်က အကြီးမားဆုံးသော မှတ်ဉာဏ် လျှို့ဝှက်ချက်ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်နှင့်ဝန်ထမ်းများက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)