မြန်အောင် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီက မြစိမ်းရောင်ကျေးရွာစီမံ ကိန်းဆိုင်ရာ စီမံခန့်ခွဲမှု နှင့် ငွေစာရင်းရေးသွင်း နည်းသင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေး နှစ်၊ (၆)လဘတ်ဂျက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် မြစိမ်းရောင် ကျေးရွာ (၁)ယူနစ်နှင့် ကျေးရွာပြောင်းဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်း(၁)ယူနစ်မှ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များအား မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ရေးသွင်းနည်း သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းတွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြပြီး မြစိမ်းရောင်စီမံကိန်း (၂)ယူနစ်(တာဂွတဲကြီးကုန်းကျေးရွာအုပ်စု ချင်ခါးကုန်းကျေးရွာနှင့်လက်ပံကွင်းကျေးရွာအုပ်စု မကျီးအုပ် ကျေးရွာ)တို့မှ ကော်မတီဝင် (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)