ပလောက် နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ၊ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျောက်လုံးကြီး ကျေးရွာ အုပ်စု၊ကျောက်တောင်ရွာ ရှိတောင်သူ ဒေါ်ခင်နွယ်ဝင်း၊ ကွင်းအမှတ်(၆/ခ)၊ ဦးပိုင်အမှတ်(၂၂၃/ ၃)တွင် ပေါ်ဆန်းရင်မျိုးစပါး (၆၆) ပေ၊ မိုးစပါးစံကွက်ရိတ်သိမ်းရာ (၈၅)တင်းနှုန်း ထွက်ရှိခဲ့ ကြောင်းသိရပါသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီးသိရှိလိုသည်များကို မေးမြန်းခဲ့ရာ ရိတ်သိမ်းချိန်လွန် နည်းပညာအကြောင်းများကို မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းမှ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)